Psiphon အသုံးပြုနည်း

Android အတွက် Psiphon

ပထမဦးစွာ သင့် Android အတွက် ရယူထားသော Psiphon သည် မှန်ကန်မှုရှိမရှိ အရင် စစ်ဆေးသင့်ပါသည်

Android အီးမေးလ် သို့မဟုတ် web brwoserမှ Psiphon APK သွင်းရန်အတွက် လင့်ခ် ကိုနှိပ်ပါ။ (အကယ်၍ အဆင်မပြေမှုများသာ ကြုံတွေ့ရပါက သင်သည် sideloading အသုံးပြုနိုင်အောင်ပြုလုပ်ရန်လိုအပ်သည်)

Psiphon app ကိုသင်ဖွင့်သည်နှင့် ၎င်းသည် Psiphon ကွန်ယက်ကိုအလိုအလျောက်စတင်ချိတ်ဆက်သည်။

Screenshot of Psiphon for Android showing the status panel
  • Psiphon သည် VPN ပုံစံ၊ တနည်းအားဖြင့် စက်တစ်ခုလုံးရှိ Application များအားလုံးသည် Psiphon ကိုဖြတ်၍ချိတ်ဆက်ထားသည့်ပုံစံဖြင့် လည်ပတ်နေပါသည်။ ။
  • အခြေအနေပြစာမျက်နှာကိုရွေးချယ်ထားသည်
  • Psiphon ကို စက်တစ်ခုလုံးနှင့်ချိတ်ဆက်လည်ပတ်ရန်အတွက် သင့်ထံတွင် Android 4.0 အထက် သို့မဟုတ် root လုပ်ထားသောစက်ရှိရမည်။

    ထို့အတွက် Android ဗားရှင်းအဟောင်းများနှင့် root မလုပ်ထားသောစက်များတွင် ယင်းကဲ့သို့ ပြုလုပ်၍ ရနိုင်မည်မဟုတ်ပါ။
  • မီးခိုးရောင်: ချိတ်ဆက်နေပါသည်
    အနီရောင်: မချိတ်ဆက်ပါ
    အပြာရောင်: ချိတ်ဆက်ပြီးပါပြီ
  • လက်ရှိသင်အသုံးပြုနေသော Psiphon ဗားရှင်းကိုပြရန်

Screenshot showing the Psiphon for Android logs panel
  • Psiphon အသုံးပြုမှုမှတ်တမ်းများ

Screenshot showing the Psiphon for Android statistics panel
  • ချိတ်ဆက်မှုလိုင်းကြာချိန်
  • Psiphon ကိုဖြတ်၍ပေးပို့ထားသောအချက်အလက်များ
  • Psiphon ကိုဖြတ်၍လက်ခံရရှိထားသောအချက်အလက်များ
  • Psiphon ကိုဖြတ်၍ပေးပို့ထားသော အရွယ်အစားချုံ့ပြီး အချက်အလက်များ
  • Psiphon ကိုဖြတ်၍ လက်ခံရရှိထားသောအရွယ်အစားချုံ့ပြီးအချက်အလက်များ

App သည် ကွန်ယက်ကိုချိတ်ဆက်သွားသည်နှင့် ၎င်းသည် built-in Psiphon ဘရောက်ဇာကိုစတင်သည်။ Android အတွက် Psiphon သည် ကြိုတင်သတ်မှတ်ထားသော ဘရောက်ဇာ သို့မဟုတ် အခြား app အတွက် အသုံးပြုမှုကို အလိုအလျောက်ချိတ်ဆက်မပေးပါ။ ကြိုတင်သတ်မှတ်ထားသောပုံစံဖြင့် Psiphon ဘရောက်ဇာသည်သာ Psiphon ကွန်ယက်ကိုဖြတ်၍ချိတ်ဆက်ပါသည်။

Screenshot showing the Psiphon for Android web browser
  • Psiphon လည်ပတ်နေပါသည်
  • ဖွင့်ထားသောစာမျက်နှာများအကြား ပြောင်းလဲကြည့်ရှုရန်
  • လက်ရှိစာမျက်နှာကို ပိတ်ရန်
  • လက်ရှိစာမျက်နှာကိုမှတ်ထားရန်
  • စာမျက်နှာအသစ်ဖွင့်ရန်

Windows အတွက် Psiphon

သင်သည်ပထမဦးစွာ သင့် Windows အတွက် Psiphon သည်မှန်ကန်ကြောင်းစစ်ဆေးပါ

သုံးစွဲသူပရိုဂရမ်ကို ဒေါင်းလုပ်လုပ်ပြီး သုံးပါ။ အသုံးပြုနေစဥ်အတွင်း ဤပရိုဂမ်သည် Psiphon Inc ၏ တရားဝင်ထုတ်ကုန်ဖြစ်ကြောင်းပြသသည့် လုံခြုံရေးသတိပေးချက်ကိုမြင်ရပါလိမ့်မည်။

Screenshot showing the Windows security warning for the Psiphon executable

Psiphon ကိုဖွင့်သည်နှင့် ချိတ်ဆက်မှုသည် အလိုအလျောက်စတင်သည်။ ချိတ်ဆက်နေသည့် ကာလအတွင်းတွင် လည်နေသည့်သင်္ကေတကို မြင်ရပါမည်။ သင်အနေဖြင့် အောက်ဖော်ပြပါချိတ်ဆက်မှုပုံစံများထဲမှ တစ်ခုကို ရွေးချယ်နိုင်ပါသည်။ VPN (L2TP over IPsec)၊ SSH သို့မဟုတ် SSH+ (SSH plus နားလည်ရန်ခက်ခဲအောင်ပြုလုပ်မှုဆိုသည်မှာ protocol fingerprinting ကိုရှောင်ရန်အတွက် SSH ပေါ်တွင် ကျဘန်းအလွှာတစ်ခုထပ်ခြင်း ဖြစ်သည်။)

Screenshot showing Psiphon starting up on Windows

အစိမ်းရောင်သင်္ကေတပြသခြင်းသည် Psiphon ဆာဗာနှင့် ချိတ်ဆက်ပြီးကြောင်းကို ဆိုလိုသည်။ VPN ပုံစံတွင် သင်၏အသုံးပြုမှုအားလုံးသည် Psiphon ကိုအလိုအလျောက်ဖြတ်သန်းသွားမည်ဖြစ်သည်။

SSH နှင့် SSH+ ပုံစံများတွင် Psiphon သည် Windows စနစ်၏ ကြားခံအင်တာနက်အပြင်အဆင်များကို အလိုအလျောက်သတ်မှတ်ပေးသည်။ ထို့ကြောင့် applications များ၏ ချိတ်ဆက်မှုများသည် ထိုအပြင်အဆင်များကိုလိုက်နာပါက Psiphon ကိုဖြတ်၍သွားမည်ဖြစ်သည်။ ဤအပြင်အပြင်အဆင်များကို လူအများစု အသုံးပြုလေ့ရှိသော web ဘရောက်ဇာများမှလိုက်နာရန် ကြိုတင်သတ်မှတ်ပြီးဖြစ်သည်။

ထပ်မံ၍ SSH နှင့် SSH+ ပုံစံများတွင် Psiphon သည် နိုင်ငံတကာဆိုင်ရာအသုံးပြုမှုအတွက် ကြားခံအင်တာနက်ကိုအသုံးပြုပြီး ဒေသတွင်အသုံးပြုမှုအတွက် ကြားခံအင်တာနက်ကိုအသုံးမပြုရန် ခွဲထားနိုင်သည်။ “ဒေသတွင်းအသုံးပြုမှုအတွက် ကြားခံအင်တာနက်ကို အသုံးမပြုပါနှင့်” ကိုရွေးချယ်ထားခြင်းဖြင့် ခွဲ၍ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ဤသည်ကိုရွေးချယ်ထားချိန်တွင် ကြားခံအင်တာနက်မသုံးထားသော ဒိုမိန်းများကို သတင်းမက်ဆေ့များပြသသည့် ဧရိယာတွင်မြင်နိုင်သည်။

Screenshot showing Psiphon connected on Windows

ပရိုဂရမ်ကို ပိတ်လိုက်သည်နှင့် Psiphon သည် ချိတ်ဆက်မှုကို အလိုအလျောက်ဖြတ်တောက်သည်။ ပြန်လည်ချိတ်ဆက်ရန်အတွက် ပြထားသည့် ပုံကို နှိပ်လိုက်ပါ။